Saturday, September 17, 2011
တရုတ်-မြန်မာနယ်စပ်မှ ကချင်စစ်ပြေးဒုက္ခသည်များ (ရုပ်သံ)
Posted byဒေါက်တာလွဏ်းဆွေat9:55 PM0comments ![]()
Labels:ဗွီဒီယိုမှတ်တမ်း
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၉-၂၀၁၁)
- သမ္မတအကြံပေး ဦးမြင့် ဝေမျှတဲ့ ကချင်ခေါင်းဆောင်ရဲ့ မြစ်ဆုံစီမံကိန်းပေါ် အမြင် click
- ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ်နှင့် ဆရာဦးမြင့်တို့ တွေ့ဆုံခန်း click
- ဓားဓားချင်း ...တုတ်တုတ်ချင်း ... တဲ့ ... သေနတ်မပါလို့ တော်သေးတယ် click
- ရောဂါသည် ဘယ်သူလဲ ... (ကာတွန်း) click
- သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ် (ဆောင်းပါး) click
- ရမ္မာဝတီ အရှင်ပညာစာရအမှု လျှောက်လဲချက် နေပြည်တော်တွင် ကြားနာမည် click
- နိုင်ငံရေးသီချင်းဖွင့်သူ သုံးဘီးဒရိုင်ဘာ ဖမ်းဆီးတရားစွဲခံရ click
- သျှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်၏ ဈာပနဖိတ်ကြားလွှာ click
- ကွယ်လွန်သူ ဦးစိန်ကြည်အတွက် ရပ်ဝေးမိတ်ဆွေများ အလှူလုပ်မည် click
သီးလေးသီးဆေးရောင်စုံ အလွမ်းပြေ “သူကြီးဘုရား ရွာသားကောင်းမှု”
Posted byဒေါက်တာလွဏ်းဆွေat6:31 PM1 comments ![]()
Labels:ဗွီဒီယိုမှတ်တမ်း
Friday, September 16, 2011
တုတ်ကြီး (ခေတ္တ-တာဝတိံသာ) - အတိတ်စိမ်းနဲ့ ရိတ်သိမ်းမယ့် မောင်
ခင်ဗျားကတော့ ပြောပေါ့
ခင်ဗျားကတော့ ခင်ဗျားပဲဗျာ ...
ဟိုတောင်ယာဘေး
ရွာသေးသေးမှာ ရှမ်းမအလောင်း
ပွယောင်းပုပ်ပွ ထမီမှမရှိ ...။
ဒေါနတောင်တန်း ပြာရောင်သမ်းလို့
ယမ်းငွေ့တို့ဝေ ...။
ကချင့်မြေမှာ သွေးပေညှီစို့
နေညို့မှောင်ရီ
ဧရာဝတီတောင် ပြို့အန်လု ...။
မယ်မယ်ရရ ဘာမှမရေးဖြစ်ခဲ့သည်မှာ ကြာပြီ။ ရင်ထဲ စူးစူးနင့်နင့်ရှိလှသဖြင့် ကဗျာရေးလိုစိတ်ဖြစ်မိလာ၏။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးတို့၏ သတင်းများနှင့် အဆက်မပြတ်သော်လည်း စိတ်ကုန်ကုန်ရှိလှသဖြင့် မြန်မာလို ဘာမှမရေးဖြစ်။ တချိန်ထုတ်မည်စိတ်ကူးထားသော စာတချို့ကိုသာ ရေးလိုက် နားလိုက်ဖြင့် ယခုကာလတွင် ဖြတ်သန်းဖြစ်၏။ ဘကေးရှင်းယူ၍ စိတ်အေးလက်အေး စာရေးရင်း ဥပေက္ခာတရားနှင့် အေးအေးဆေးဆေး နေမည် စိတ်ကူးမိသော်လည်း ယခုတော့ မအောင်မြင်တော့။ ဒါကလည်း ကျွန်ုပ်တုတ်ကြီး၏ လှလှပပ ရင် သားသားကော့ကော့ အဆီတ၀င်းဝင်း ကျဆုံးမှု ဘာဘီကျူးမီးဖိုကြီးထဲက ညှော်နံ့သင်းသင်း တဝှေ့ဟုပင် ပြောရမလို ...။
အားလုံးသော သပုရိဿနွယ်ဝင် သူတော်စင်အပေါင်းတို့ မြစ်မင်းဧရာအတွက် ရတက်မအေး ရေးချွတ်နေကြ သလို proposal သမား project သမားများ၏ ဧရာဝတီကယ်တင်ရေး ဆင်ဖိုနီကိုလည်း ဝေးဝေးက ကြားနေ မြင်နေရသကဲ့သို့ ထိုသူအားလုံးအား လက်ညှိုးထိုးကာ ရောဂါသည်များဟု ပြောခဲ့သည့် စိတ္တဇလူသတ်သမား ၏ ပြောရဲလိုက်တာနော် အဟွန့်ဟုပင် ထိုင်ညည်းရလောက်သည့် အပြောကိုလည်း ကြားလိုက်ရပြန်၏။ သြော် ... ဂုဏ်ယူလို့ဖြင့် ကုန်နိုင်ဖွယ် တို့လူမျိုးတွေရယ်ဟုပင် မင်းသားဖိုးစိန်ကြီးအလား ဟဲလိုက်ရတော့မလို ...။
ယနေ့အထိ တုတ်ကြီး မျိုခဲ့ စို့ခဲ့ ရိက္ခာချခဲ့သည်များမှာ မိဘထမင်း၊ အဘိုးအဘွားထမင်း၊ တောင်ပေါ်တိုင်းရင်း သားတို့၏ ထမင်းနှင့် တုတ်ကြီးနဖူးကချွေး ခြေမကျအောင် ကိုယ့်အားကိုယ့်အင်ဖြင့် ပင်ပန်းကြီးစွာ ရှာဖွေစား သောက်ရသော ထမင်းဖြစ်လို့ ပြောင်ပြောင်ရပ်တည်နေမြဲဖြစ်ပါ၏။ ကြောင်လျှာသီးလည်ပင်းပတ် သိုးဆောင်း စကားကို ငပိလက်လေးသစ်ပါးစပ်က ထွက်အောင် မပြောသည့်အပြင် ကိုယ့်ထမင်းကိုယ်မစားဘဲ လူပါးဝ တောက်ပြောင်နေလောက်အောင် သောက်ရှက်မနည်းသေးသည့် သိမ်ငယ်မှုဖြင့် ကိုယ်ယုံကြည်ရာ ကိုယ့်ရွေး ချယ်မှုနှင့်ကိုယ် ရပ်တည်မြဲဖြစ်ပါ၏။ ဂေါ်ဇီလာပြောသည့် ပြည်ပမှာ အများစုက လုပ်စားနေတာပါ ဆိုသည်မှာ မှန်လိုက်သမှ မောင်ရင်ရယ်၊ တုတ်ကြီးတို့ ပြောနေတာကြာပေါ့ဟုပင် ပြောလိုက်ပါဦးမည်။ ထို့အတူ မည်သူ့ ကိုမျှ အပြစ်မတင်လိုပါ။ ကိုယ့်ရွေးချယ်မှုနှင့်ကိုယ်ဖြစ်သဖြင့် သူ့ရွေးချယ်မှုနှင့် သူ့လမ်းသူရွေးသည်ဟုပင် မြင် ပါ၏။
တကယ်တော့မူ ကျွန်ုပ်တုတ်ကြီးသည် ဘုန်းကြီးကျောင်းထွက် Sr. Engineer တယောက်ဖြစ်ပါပေ၏။ ကျွန်ုပ် ၏ အဓိက အသက်မွေးဝမ်းကြောင်းသည်ကား ဧရာမစက်ရုံကြီးများ စတင်တည်ဆောက်သည့် project ကို တာဝန်ယူရသည့် Manager ဖြစ်၏။ သို့သော်ငြား ယခုအခါ ပိုမိုကျွမ်းကျင်သော၊ မိမိဥပေတံန္တု နားလည်တော် မူသော ဆိုက်ကားဘီးဖာ၊ ချဲဒိုင်ကိုင်၊ ဘောပွဲလောင်းခြင်းအလုပ်ကို စိုက်လိုက်မတ်တတ်လုပ်ရင်း ဘ၀ကိုဖြတ် သန်းမည်ဟု ဆုံးဖြတ်ချက်ချထားသောသူတယောက်ဖြစ်ပြန်ရာ မပြောမရှိ အသိပေးလိုသည်မှာကား ဆိုက် ကားဘီးဖာခြင်းကဏ္ဍတွင် ကျွန်ုပ်တုတ်ကြီးထက် ကျွမ်းကျင်သူ၊ သိရှိသူ မြန်မာပြည်လောက်တွင်မဟုတ် အ နောက်ဘက် စစ်တကောင်းနယ် ဘင်္ဂလားဒေသတွင်ပင် တုတ်ကြီးထက် ကျွမ်းကျင်သိရှိသူမရှိဟု ရဲရဲကြီး ဂုံနီ အိတ်ပေါ် ခြေပစ်လက်ပစ်ထိုင်၊ ကော်ပတ်ပတ်ထားသည့် ၀ါးလုံးတိုကို ပယ်ပယ်နယ်နယ်ကိုင်ကာ ဖာရမည့် ကျွတ်ပေါက်ကို ပေါင်ပေါ်တင်၍ ပါးစောင်မှ ကွမ်းယာကို ကလင့်စ်အိဝုဒ် ဆေးပြင်းလိပ် ပါးစပ်ဖျားမှ ဟိုဘက် ဒီဘက်ပြောင်းသလို ညာပါးစောင်မှ ဘယ်ပါးစောင် ပြောင်းလိုက်ရင်း ပြောလိုက်ပါဦးမည်။
ဂျေ ဂျီ စကော့၊ ဘာတီးလင့်တနာ၊ မာတင်စမတ် မှစ၍ ရောဘတ်တေလာ (နေ၀င်းမောင်၊ တင်မောင်မောင် သန်း၊ ကျော်ရင်လှိုင်တို့နှင့် နသားပါယားလုပ်နေသူ) တို့ သိသည်ဆိုသော မြန်မာ့အရေး၊ တိုင်းရင်းသားအရေး တို့အား တကယ်တမ်းတော့ မြန်မာပြည်ဖွား ရှမ်း-ကုလားစပ် မိခင်နှင့် တရုတ်-ကရင်စပ် ဖခင်မှ ရာမဒန်အပြီး အစ်နေ့တွင် ပဋိသန္ဓေ တိတ်တိတ်ပုန်းတည်၍ ခရစ်တော်ကို ပစ်ခတ်လေးစားကာ သံဗုဒ္ဓေဂါထာကို အားကြီး ရွတ်ဖတ်တတ်သော ၀လူမျိုး တုတ်ကြီးတို့သိသလောက်မသိဟု ပြောပြန်လျှင် လွန်ရာမကျပေဘူးလော။ အ ထင်မကြီးလိုက်ပါနှင့်၊ အထင်ကြီးမလားဟူသော မျှော်လင့်ချက်ဖြင့် ရမ်းပစ်လိုက်ခြင်းသာ ဖြစ်ပါတော့၏။ တ ကယ်တော့ ကျွန်ုပ်တုတ်ကြီး ဘာမှမသိပါ။
ဧရာဝတီဆည်သည်ကား တကယ်တော့ မြစ်ဆုံတခုတည်းမဟုတ်။ အမှန်တကယ်တွင် ဆည်ပေါင်း ၇ ခုရှိမည် ဖြစ်၏။ ထိုဆည်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ တိုင်းပြည်နှင့်လူမျိုး တိုင်းရင်းသားပေါင်းစုံ ပြည်သူလူ ထုအတွက် မည်ကဲ့သို့သော ရေရှည်အကျိုးအမြတ်မျှ မရှိဟု ကျွန်ုပ်တုတ်ကြီးမှ လေးလေးနက်နက် ပြောလို သည့်အပြင် စိတ္တဇလူသတ်သမား ပြောသည့် ဒေါ်လာ ၁.၄ သန်း အကုန်အကျခံ၍ လေးနှစ်ကြီးများ လေ့လာ ထားပြီးပြီဆိုသည့် EIA report ဆိုသည်မှာလည်း စိတ်ကြိုက် ကြည့်ကောင်းကြားကောင်းအောင် ပြင်နိုင်ခွင့်ရှိ သည့် report ဖြစ်သည်ဟု ပြောလိုပါသည်။ စကတည်းက site survey လုပ်သည့် ကုမ္ပဏီများအနေဖြင့် terms and conditions တွင် EIA report နှင့်ပတ်သက်၍ ငှားရမ်းသည့် ကုမ္ပဏီဖြစ်စေ၊ အစိုးရဖြစ်စေမှ စိတ် ကြိုက်ပြင်နိုင်ခွင့်ရှိသလို assessment လုပ်သော ကုမ္ပဏီမှ အပြင်ထုတ်ခွင့်မရှိဟူသော သဘောတူညီချက်အ ရ အလုပ်လုပ်ကြခြင်းဖြစ်ပါသည်။ မယုံလျှင် ထိုကုမ္ပဏီကို ဆက်သွယ်မေးမြန်းကြည့်ပါ။
ဟိုက်ဒရိုလိုဂျီက ဘာဖြစ်တယ် ဒမ်က ဘာဖြစ်တယ် ဆဲဗင်းပါဆင့်က ဘာဖြစ်တယ်ဟု ကြားဖူးနားဝ ဘိလပ် လိုတွေ ဟောက်စားလုပ်ကာ စွတ်ပြောရင်း ပရိသတ်နှင့် တိုင်းပြည်ကို တံတွေးဖြင့် ထွေးသူ၏ ဟောက်စား လုပ်မှုအောက်တွင် လျော့တိလျော့ရဲ ပြန်ဆွေးနွေးနေခြင်းဖြင့်ကတော့ လွယ်မည့်ဇာတ်မဟုတ်။ သူပြောသလို သိုးဆောင်းလို ခပ်ရှင်းရှင်း ပရီဆိုက်စလီး ပြန်ပြောရလျှင်ဖြင့် “EIAs are made to justify the project and not to stop the the project.” အမယ်မင်းရယ်တဲ့မှ အမယ်မင်းဟုပင် ဆန္ဒန်ဆင်မင်းဇာတ်ခင်းကာ လဥ ခါ ချဉ်ကိုက်သလို ထပ်မံ၍ ဇာတ်သံနှောကာ နတ်ကတော်အထာဖြင့် ပြန်ကြားရေးဝန်ကြီးလို ငိုပြလိုက်ရလျှင်ဖြင့် ကျော်မကောင်းကြားမကောင်း ဖြစ်ပေဦးတော့မည်တမုံ့။
ပြောလိုက်ပါမည်။ ရှေးအခေါ် ကမ်ပူးချား၊ ယခုတော့ ကမ္ဘောဒီးယားပေါ့လဗျာ။ အဲဒီတိုင်းပြည်တွင် ဆည်များ ဆောက်ပြီးသကာလ ၂၀၀၃ ခုနှစ် စစ်တမ်းအရ အသက်ငါးနှစ်အောက် ကလေးများ၏ လေးဆယ့်ငါးရာခိုင် နှုန်းသည် malnutrition နှင့် underweight ဖြစ်နေကြကြောင်း တွေ့ရှိရပါသည်။ အဘယ်ကြောင့်နည်း။ ပညာ ရှင်အစစ်များ၏ dissertations များ၊ reports များကို ရှာဖွေလေ့လာကြည့်ပါ။
ထိုင်းနိုင်ငံတွင် ယခု မြန်မာပြည်တွင်ဆောက်မည့် ဆည်ကဲ့သို့ ဆည်ဆောက်မည်ဟု မည်သည့်နိုင်ငံရေးသမား မျှ မကြုံးဝါးရဲ။ ထိုင်းပြည်သူလူတုက ဆည်ဆောက်ခြင်း၏ ဆိုးကျိုးကို သိရှိကြပြီးဖြစ်သလို ထိုင်းအစိုးရကိုယ် တိုင်ကလည်း သူကသာ အိမ်နီးခြင်းနိုင်ငံများ၏ ဆည်စီမံကိန်းများတွင် ပုံအော၍ ရင်းနှီးမြှုပ်နှံမည်၊ သူ့နိုင်ငံ တွင်းမှာတော့ ဆောရီးပါပဲသာဖြစ်တော့၏။ ဘဇာကြောင့်ရယ်ဖြင့် ကလေးတွေ ထိုကဲ့သို့ ကမ်ပူးချားတွင် ဖြစ် ရပေသနည်းဟူမူ ဆည်ဆောက်သောအခါ fish ladder ဆိုသည့်ဟာကြီး ထည့်ဆောက်ရပါသည်။ ထို fish ladder ကို ငါးသေးငါးမွှားကလေးများ မတက်နိုင်တော့။ ငါးသေးငါးမွှားလေးများ မတက်နိုင်သဖြင့် ငါးသေး ငါးမွှားများနှင့် ငါးပိ၊ ငါးသေးခြောက်တို့ကို အားပြုစားရသော မိသားစုများ အာဟာရပြဿနာ ဖြစ်လာပါ၏။ ငါး ကြီးများကရောဟု မေးလာလျှင် ငါးကြီးများက ဈေးကွက်သို့ ရောက်သဖြင့် ၀ယ်စားနိုင်သူကို ရောင်း၍ ၀ယ် စားနိုင်သည့်သူများသာလျှင် ၀ါးနိုင်ပါတော့၏။ အဘဉာဏ်တို့၊ ကြွက်နီတို့ ငါးစင်ရိုင်း၊ ငါးတောင်စေး၊ ငါးသလဲ ထိုး မ၀ါးနိုင်တော့။ ဆကာကြီးဈေးမှ အဟုတ်တို့၊ အကောင်းတို့၊ ၀မ်ချောင်းတို့သာ စားနိုင်ပါတော့၏။ ဆည် ဘေးစိမ်းလန်းလာသည်ဆိုသည့် စကားပြောသူများ သိထားသင့်သည်မှာ ဆည်ဘေးစိမ်းလန်းလာသလို ထို ဆည် decommission မဖြစ်မချင်း ဆည်ပေါက်ထွက်၍ ဆည်အောက်မှ မြို့ ရွာများ မသာကြိတ်ကြိတ်တိုး ပေါ် သွားနိုင်သည့် အန္တရာယ်ကိုလည်း တောက်လျှောက်စိုးရိမ်နေရမည်ဖြစ်သလို ထိုဆည်ကြောင့် ecology ပျက် စီးရမည့်အလားအလာအား ရှေ့ရှေ့ကသူများနှင့် နောက်ရေးမည့်သူများ ရေးသွားကြ ရေးကြမည့် စာများတွင် ဖတ်ကြပါကုန်။
အသို့ဆိုလျှင် ထိုဆည်စီမံကိန်းကို ဘယ်လို နောက်ဆုတ်အောင် ကြံဆောင်ကြမည်နည်း။ တခြားနည်းလမ်းမ ရှိ။ ဘယ်အစိုးရတက်တက်၊ ဒေါ်အောင်ဆန်းစုကြည် ပန်းတွေတပွေ့ကြီး ပန် ပန်၊ အခု လွှတ်တော်တက်နေတဲ့ တကောင်ကောင်ဆီက အချိတ်ထမီကြီး ငှားဝတ် ၀တ်၊ မိုက်ခွက်ကြီးကိုင်၍ လွှတ်တော်ကြီးတခုလုံးကို အိုက် တင်ပေးကာ မိန့်ခွန်းတွေ ပြောနေ ပြောနေ၊ contract ကို honor လုပ်ရမည်မှာ အစိုးရတရပ်၏ obligation ဖြစ်ပါသည်။ အစိုးရတရပ်အနေနှင့် contract ကို honor လုပ်စရာမလိုဟု သက်သေပြလိုက်သည်မှာကား လစ်ဗျားနိုင်ငံပင် ဖြစ်ပါတော့၏။ အဘယ်ကြောင့်ဟူမူ ဂဒါဖီ အမြီးထောင် မြေအောင်းသွားရအောင် လုပ်နိုင်ခဲ့ သဖြင့် ဖြစ်ပေ၏။
သို့မဟုတ်လျှင်မူကား ရန်ကုန်ဆိပ်ကမ်း၊ ထားဝယ်ဆိပ်ကမ်း၊ ဧရာဝတီမြစ်နှင့် နောင်လာလတ္တံ့သော စီမံကိန်း များ၊ စာချုပ်များအား honor လုပ်ရပါမည်။ နိုင်ငံသားတရပ်လုံး စားသုံးရသော အကျိုးအမြတ် အသီးအပွင့် များဖြစ်သဖြင့် honor လုပ်ရသည်ဆိုလျှင်လည်း တမျိုးပေါ့။ ခုတော့ အခြားရေနံရောင်းရငွေ၊ သစ်တောနှင့် သစ်တောထွက်ပစ္စည်းရောင်းရငွေ၊ ကျောက်မျက်ရတနာရောင်းရငွေတွေ အသာထား၍ ဓာတ်ငွေ့ရောင်းရငွေ အမေရိကန်ဒေါ်လာ ကိုးဘီလီယံဆိုသည်မှာ တိုင်းပြည်မှ နိုင်ငံသားများအနေဖြင့် ကြားသာကြား၍ ခါးချိ ကြုံ လှီ လူစဉ်မမီရသည့် အနေအထားတွင် ဘယ် contract က ဘယ် agreement က ပို၍ အရေးကြီးပါသနည်း။ ဒါက တကြောင်းပေါ့ဗျာ။
ခုအချိန် ဒီမိုကရေစီအင်အားစုများ တကယ်လုပ်ရမည်မှာ ပါတီတည်ဆောက်ရေး၊ ပြည်သူလူထုနှင့် တသား တည်းဖြစ်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်မှန်သော နားလည်မှုရှိရေး၊ ပြည်တွင်းမှ နိုင်ငံရေးအင် အားစုများအားလုံး၊ အကြောင်းကြောင်းကြောင့် မြေအောက်ရောက်ရသော နိုင်ငံရေးအင်အားစုများအားလုံး နှင့်တကွ တပ်မတော်၏ ဒီမိုကရေစီလိုလားသည့် အများစုကြီးနှင့် လက်ရည်တပြင်တည်းဖြစ်ရေး၊ တိုင်းပြည် တည်ဆောက်ရေး (Nation building) ကိစ္စရပ်များထက် ယခုအချိန်တွင် မည်သည့်ကိစ္စမျှ အရေးမကြီး။ ဒစ်ပ လိုမေစီအိပ်မက်တွေနှင့် တွက်ချက်မှုလွဲချော်ခြင်းတို့သည် နိုင်ငံသားအားလုံးအတွက် ဧရာဝတီပြဿနာနှင့် တန်းတူ အန္တရာယ်ကြီးသော ပြသနာဖြစ်ပါပေတော့၏။ ထိုနည်းတူ ၈၈ မျိုးဆက်ကျောင်းသားများဆိုသည်မှာ ကား တိုင်းပြည်၏ စစ်မှန်သော ဒီမိုကရေစီရေးအတွက် another parallel force တခုဖြစ်သည်။ ထိုသူများ၏ အများစုသည် ယခုအချိန်ထိ အကျဉ်းထောင်များထဲတွင် နှစ်ရှည်ထောင်ဒဏ်များကျခံနေရသည် ဆိုသည်ကို လည်း အမ်ဖဆိုက်လုပ်လိုပါ၏။ (တံတွေးစင်လျှင် ခွင့်လွှတ်ကြပါကုန် ယခုတလော သတင်းစာရှင်းလင်းပွဲများ၊ မိန့်ခွန်းများ နားထောင်မိပြီး အကျင့်ပါသွားခြင်းကြောင့်ဖြစ်ပါ၏)
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ယခုအခါ သူမကို ယုံကြည်ပါဟု ပြောလာသဖြင့် ကျွန်ုပ်အနေဖြင့် လည်း နဂိုကမျှ အားကြီးလေးစားမိသည်ကလည်းရှိသည်နှင့်အညီ (အမေက၊ မာမီက၊ တီတီက၊ ဒို့ တီစုကဟု အမြဲမဏ္ဍပ်တိုင်တက်သော ငတများကို သောက်မြင်ကပ်မြဲကပ်ပါကြောင်း) လေးစားစွာဖြင့်ပင် ဒီမိုကရေစီနေ့ မိန့်ခွန်းကြီးကို နားထောင်ရင်း ပြီးခဲ့သည့်ရက်မှ ဒေါ်အောင်ဆန်းစုကြည်က အချက်ပေးနေပြီဆိုသည်ကို သတိ ရမိသည်နှင့်အညီ ပြာပြာသလဲဖြင့် ကျွန်ုပ်တုတ်ကြီးတို့ရပ်ကွက်အစွန်မှ ချဲနံပါတ်ပေးသည်ဆိုသည့် အရူး၏ အ ရိပ်အခြေကို အကဲခတ်ကာ အတိတ်စိမ်းကောက်ရန်အတွက် ဖာပြီးစ ဆိုက်ကားပေါ် လွှားကနဲ တက်ခွကာ တက်တက်ကြွကြွ နင်းချလိုက်မိပါတော့၏။
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၆-၉-၂၀၁၁)
- မြန်မာ ကုလကော်မရှင် UK အတိုက်အခံ တိုက်တွန်း click
- နိုင်ငံတကာစုံစမ်းရေးကော်မရှင် ဖွဲ့ရေး ပေါ်တူဂီအစိုးရ ထောက်ခံဖို့ တိုက်တွန်း click
- မြန်မာ့အရေး ဥရောပမှာ ဆွေးနွေး click
- ဦးရွှေမန်းနှင့် ခရိုနီများကိုယ်ရေး သံရုံးမှ မှတ်တမ်းတင် click
- မြစ်တစင်း၏ပုံရိပ် ဧရာဝတီပြပွဲ စာနယ်ဇင်းရှင်းလင်း click
- ဝန်ကြီး ဦးဇော်မင်း ရှင်းလင်းပွဲ အမတ်အချို့သာ ဖိတ်ကြား click
- ၉၄ ခုနှစ် တွေ့ဆုံမှုအကြောင်းကို ဒု-၀န်ကြီးဟောင်း ပြန်လည်ဖွင့်ချ click
- ကွယ်လွန်တော့မယ့် အကျဉ်းသား လွတ်မြောက်ရေး click
- အညတရအကျဉ်းသား ရဟန်းတော်များ (၅) - ဆရာတော် ဦးအဂ္ဂဓမ္မ (ဆောင်းပါး) click
- ကလေးစစ်သားကို တပ်ပြေးအဖြစ် ဖမ်းထား click
- ကချင်ဒုက္ခသည်များ လူမှုရေးပြဿနာ ကြုံတွေ့နေရ click
- ကချင်စစ်ပြေးဒုက္ခသည် ကူညီရေး ဆွေးနွေးပြီ click
- ငြိမ်းချမ်းရေး သဘောတူညီချက်များကို UWSA ရှင်းလင်း click
- အစိုးရတပ်ဖွဲ့က နမ်ဆန်ယန်ရွာကို မီးရှို့ click
- KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွား click
- ကော့ကရိတ် တတန်ကူးရွာနဲ့ ဝါ့မီထအနီးမှာ ကြံ့ဖွံ့စစ်စိုးရတပ်ကို KNU နဲ့ DKBA ပူးပေါင်းစစ်ဆင် click
- ကော့ကရိတ်အရှေ့ဘက် တနာရီကြာ တိုက်ပွဲတွင် မြန်မာစစ်သည် ၁ ဦး ကျဆုံး click
- တနေ့တာ အပစ်ရပ်ရေး KNU ကမ်းလှမ်း click
- နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် တရက်တာအပစ်ရပ်ရေး ကေအဲန်ယူ ထုတ်ပြန် click
- တိုင်းရင်းသားတွေ ညီညွတ်ဖို့ အမေရိကန်သံ ပြောဆို click
- တိုင်းရင်းသားအရေးနဲ့ လူ့ဘောင်သစ် click
- ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု click
- ရက်ကွက် ကျေးရွာအုပ်ချုပ်ရေး တိုက်ရိုက်ခန့်မည် click
- ဘင်္ဂလား-မြန်မာ ရေပိုင်နက်ပြဿနာ နိုင်ငံတကာခုံရုံး ကြားနာ click
- ကားတိုက်သေဆုံးသည့် မြန်မာအလုပ်သမား လျော်ကြေးငွေကိစ္စ နှစ်ဘက်ညှိနှိုင်းမရသေး click
- ရေး-သံဖြူဇရပ် မော်တော်ကားလမ်းအပိုင်း ပိုမိုပျက်စီးနေသဖြင့် သွားလာမှုခက်ခဲနေ click
- ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေ ပြန်ပွင့်နေ click
- အသွင်ကူးပြောင်းရေး ပြဿနာ click
- ၁၉၈၈ အာဏာသိမ်းဖြစ်စဉ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ အာဏာလွန်ဆွဲပွဲများ click
- ဖက်ဒရေ၀န်းကျင်မရှိဘူးလို့ ပြောတဲ့ စီအဲန်ပီခေါင်းဆောင်တဦးနဲ့ အင်တာဗျူး click
- တောင်ကိုရီးယားသတင်းတွင် ဖော်ပြထားတဲ့ မြန်မာပြည်က ဒီမိုကရေစီနေ့ (ဓာတ်ပုံ) click
- အမေ့အိမ် ပညာဒါနကျောင်းလေးမှာ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပ (ဓာတ်ပုံ) click
- ခရမ်းမြို့ အမေ့အရိပ် အခမဲ့ ပညာဒါနကျောင်း ဆိုင်းဘုတ်တင်ပွဲနဲ့ အလှူငွေပေးအပ်ပွဲ (ဓာတ်ပုံ) click
- ဘိုးလင်းဂရင်းမြို့၊ ဝေဠုမြိုင်တောရကျောင်းတွင် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပ (ဓာတ်ပုံ) click
- ဖုန်းရွှေပညာ click
- လစ်ဗျား ယာယီအစိုးရကို ကုလ အသိအမှတ်ပြု click
- လစ်ဗျားကို ဒဏ်ခတ်ပိတ်ဆို့မှု ကုလ ရုပ်သိမ်း click
- လစ်ဗျားသူပုန်တွေ ဘန်နီဝါလိမြို့ကို ၀င်ပြီ click
- ပါလက်စတိုင်း ကုလ၀င်ခွင့်ရရေး လျှောက်မည် click
- ဂရိနိုင်ငံကို ချေးငွေပေးရေး ကြန့်ကြာနေ click
- လုံခြုံရေးအက်ဥပဒေ မလေးရှား ဖျက်သိမ်း click
- ရေလွှမ်းမိုးမှုပြဿနာကြောင့် ပါကစ္စတန်ဝန်ကြီးချုပ် ကုလခရီးစဉ် ပျက် click
- စက်တင်ဘာ ၁၆ နိုင်ငံတကာ သတင်းဗွီဒီယို click
- သားအိမ်ဝကင်ဆာဟာ ရင်သားကင်ဆာပြီးရင် အမျိုးသမီးတွေအတွက် သေဆုံးမှုအများဆုံးဖြစ် click
- နယူးယောက် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှု အမှတ်တရနေရာ (ဓာတ်ပုံ) click
- လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အာဏာရှင်တွေကို တရားစွဲသင့် မစွဲသင့် (ဆောင်းပါး) click
- မြန်မာပြည်အရေး စိုးရိမ်စရာများ ရှိသေးဟု ဟီလာရီ ကလင်တန် ပြော click
- မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ကာ့တ်ကမ်းဘဲလ် တွေ့မည် click
- အစိုးရဝန်ထမ်းများ လက်ခံရေး “ဝ” ဆွေးနွေးပွဲလုပ် click
- အစိုးရစစ်ကြောင်း ပိတ်ဆို့ခံနေရဟု KIA က ပြော click
- ပျောက်နေသည့် မန်းငြိမ်းမောင်အတွက် မိသားစု စိုးရိမ် click
- ကေအန်ယူအဖွဲ့ဝင်နှစ်ဦး မူးယစ်ဆေးများဖြင့် ဖမ်းမိကြောင်း ထိုင်းသတင်းကို ငြင်းဆို click
- မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသည့် ၀က်ဘ်ဆိုက်အချို့ ဖွင့်ကြည့်နိုင်ပြီ click
- ကျန်းမာရေးချို့ယွင်းသူကို လွှတ်ရန် AAPP တောင်းဆို click
- ကင်ဆာဝေဒနာ ခံစားနေရသူ ဗကသအဖွဲ့ဝင်ကို လွှတ်ပေးရန် တိုက်တွန်း click
- မြန်မာ-ဘင်္ဂလာဒေ့ရှ် ရေပိုင်နက်ကြားနာမှု မြန်မာဘက်မှ စတင်လျှောက်လဲ click
- အရွေ့ဧရာဝတီ (ကဗျာ) click
- ဌေးကြွယ် (ဆောင်းပါး) click
- သန်းရွှေအလွန် (၄) (ဆောင်းပါး) click
- တောင်ငူ ရေကြီး၊ ရေဘေးဒုက္ခသည် ၉,၀၀၀ ကျော်ရှိ click
- စည်သွတ်လုပ်ငန်းကြောင့် တရားမဝင် သားသတ် click
- ဘူးသီးတောင်နှင့် မောင်တောမှ အန်ဂျီအိုဝန်ထမ်းများ အလုပ်မှ ဖယ်ရှားခံရမည်ဆို၍ စိုးရိမ် click
- အိန္ဒိယ၏ ဒေါ်လာ ၆ သန်းကို ချင်းပြည်သူအား ခွဲတမ်းချကြည့်သည် click
- ကံစမ်းမဲ အကြောင်းပြကာ ငွေလိမ်တောင်းမှုများ ရှိနေ click
- တိမ်းစောင်းနေသော လုပ်ရပ်များ (ဆောင်းပါး) click
- ဒီမိုကရေစီ အမြစ်တွယ်ခြင်းနှင့် အဖြေမရှိသေးသော မေးခွန်း (ဆောင်းပါး) click
- သန်မာကြံ့ခိုင်တဲ့ လူ့ဘောင်ဆီသို့ လှမ်းရာဝယ် - အပိုင်း (၁) (ဆောင်းပါး) click
- ၂၀၁၂ ဂင်းနက်စ် မှတ်တမ်းစာအုပ် click
- စပါတာကပ်စ်မင်းသား ကွယ်လွန် click
- ရန်ဆန်နဲ့ ဇနီးက ဘတ် ၃ ဘီလျံ ရဖို့ တရားစွဲ click
- ထိုင်းလူငယ်တွေ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ဆိုးဝါးလာနေ click
မိုးအေး (DVB) တင်ဆက်သည့် “ဒီမိုကရေစီ ဆိတ်သုဉ်းမှုတွေ ရှိနေသရွှေ့ အာ ဏာရှင်အစိုးရကိုယ်တိုင်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ရှိနေပါလိမ့်မယ်” (ရုပ်သံ)
ဘင်လာဒင်ကို အသေဖမ်းမိခဲ့ချိန်က လုပ်ဖြစ်ခဲ့တဲ့ အစီအစဉ်ဟောင်းလေးပါ။ မေလ ၇ ရက်နေ့က ပြသခဲ့တဲ့ အစီအစဉ်ပါ။ ဘင်လာဒင်ကို သတ်ဖြတ်နိုင်ရုံနဲ့ အကြမ်းဖက်မှုတွေ ပျောက်ကွယ်သွားမှာမဟုတ်သလို အာလ် ခါအီးဒါးလိုအဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းနိုင်ရင်တောင် အကြမ်းဖက်မှုတွေ ပျောက်ကွယ်မသွားနိုင်ပါဘူး။ ဒီမို ကရေစီ ဆိတ်သုဉ်းမှုတွေ ရှိနေသရွေ့ အာလ်ခါအီးဒါလို အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ သာမက အာဏာရှင်အစိုးရတွေကိုယ်တိုင်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ရှိနေပါလိမ့်မယ်ဆိုတဲ့ အမေရိ ကန် သတင်းစာဆရာတဦးရဲ့အမြင်ကို သဘောကျလို့ ဒီအစီအစဉ်ကို ဖန်တီးဖြစ်ခဲ့တာပါ (အချိန်လု လုပ်ရတဲ့ အတွက် အစီအစဉ်ထဲမှာ copy rights တွေ မဖော်ပြနိုင်ခဲ့ပါဘူး။ အဓိက ကတော့ youtube နဲ့ ရိုက်တာကပဲ ဖြစ်ပါတယ်)။ (မိုးအေး)
Posted byဒေါက်တာလွဏ်းဆွေat5:22 PM0comments ![]()
Labels:ဗွီဒီယိုမှတ်တမ်း
Thursday, September 15, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၉-၂၀၁၁)
- လယ်သမား ၂၀၀ ကျော် ချီတက်ဆန္ဒပြ click
- မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲ အလားအလာ မြင်ရ click
- ပြောင်းလဲနိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း သတင်းစကား click
- NLD ရုံးတွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပ (ဓာတ်ပုံ) click
- NLD ရုံးတွင် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြော ကြားတဲ့ မိန့်ခွန်း (အသံဖိုင်) click
- မြန်မာပြည်အပြောင်းအလဲ အမေရိကန်နဲ့ သြစတြေးလျ မျှော်လင့် click
- မြန်မာနိုင်ငံက ခိုင်မာတဲ့ အပြောင်းအလဲ ပြင်သစ် စောင့်ကြည့်နေ click
- ခိုင်မာတဲ့လုပ်ရပ်တွေ ဆောင်ရွက်ပြဖို့ ဟီလာရီကလင်တန် တိုက်တွန်း click
- မြန်မာအစိုးရရဲ့ ပြုပြင်ရေးကို အမေရိကန် စိစစ်မည် click
- ဒီမိုကရေစီနေ့ ဘာကြောင့် ကျင်းပ click
- ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေး click
- စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ဆိုသည်ကား ... (အယ်ဒီတာ့အာဘော်) click
- နယ်စပ်တင်းမာမှုနောက်ပိုင်း မူးယစ်ဆေး ပိုထုတ်လာ click
- မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မြန်မာ တာဝန်မကျေ click
- ထိုင်းကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံကို ထွက်ခွာ click
- သျှမ်းသံတော်ဆင့်မှ ဦးစိန်ကြည် ကွယ်လွန် click
- ရှမ်းသံတော်ဆင့် သတင်းလက်ထောက်အယ်ဒီတာ ကွယ်လွန် click
- သျှမ်းသံတော်ဆင့် လက်ထောက်အယ်ဒီတာ၊ တေးရေးဆရာ၊ အဆိုတော် ဆခဟ ကွယ်လွန် click
- သျှမ်းသံတော်ဆင့်သို့ ပေးစာ click
- ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်များ ပြန်ပွင့် click
- မြန်မာအင်တာနက် ပိတ်လိုက်၊ ပွင့်လိုက် ဖြစ်နေပြန် click
- ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက်သတင်းပို့ click
- ဦးဣဿရိယနဲ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ် မေးခွန်းများ (အင်တာဗျူး) click
- လျှပ်စစ်ဓာတ်တွေ အလျှံအပယ် ဖြစ်နေပြီလား (ဆွေးနွေးဖလှယ်) click
- ပုဏ္ဏားမဟုတ်သော ပုဏ္ဏားများ (ဆောင်းပါး) click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- ရှေ့ပြေးပြန်ပြတယ်ဆိုတဲ့ သီးလေးသီးအဖွဲ့ (ရုပ်သံ) click
- သိချင်လို့ ... (ကာတွန်း) click
- ကားအစားထိုးလဲခွင့်ကြောင့် ဒေါ်လာဈေး ထိုးတက် click
- မိုင်းခွဲခံနေရဖြင့် ရခိုင်သဘာဝသန္တာကျောက်တန်းများ ပျက်စီးနေ click
- သံသရာပွဲလယ်တင့်စေသော ... (ဆောင်းပါး) click
- ဥရောပခေါင်းဆောင် ၂ ဦးကို လစ်ဗျားပြည်သူတွေ ကြိုဆို click
- ဗြိတိန်ဝန်ကြီးချုပ်နဲ့ ပြင်သစ်သမ္မတကို လစ်ဗျားက သူရဲကောင်းသဖွယ် ကြို click
- နေတိုးက အနိုင်ရတဲ့အထိ ဆက်ထောက်ခံမယ်လို့ ကင်မရွန် ပြော click
- ဆီးရီးယား အတိုက်အခံတွေ တပ်ပေါင်းစုဖွဲ့စည်း click
- ဆီးရီးယားမှာ အတိုက်အခံကိုယ်စားပြု အမျိုးသားကောင်စီ ဖွဲ့ပြီ click
- ခေတ်မီပြီး လက်တွေ့ကျတဲ့ ဒီမိုကရေစီဖြစ်အောင် မလေးရှား ဖော်ဆောင်မယ် click
- ကမ္ဘောဒီးယားနှင့် သင့်မြတ်ရေး ထိုင်းဝန်ကြီးချုပ် ကြိုးစားမည် click
- ကမ္ဘာ့ဘဏ်ကြီးတွေရဲ့ ဆောင်ရွက်ချက် ဈေးကွက်က အပြုသဘော တုံ့ပြန် click
- ဘီလ်ဂိတ်နဲ့ ၀ါရင်ဘဖ်ဖစ်တ် ဘီလျံနာနှစ်ဦး ဦးဆောင်တဲ့ ကမ္ဘာ့အလှူ click
- ဘယ်နိုင်ငံတွေမှာ ဘွဲ့ရအမျိုးသမီး အများဆုံးရှိလဲ click
- စက်တင်ဘာ ၁၅ ရက် တမိနစ် သတင်းဗွီဒီယို click
- ပုသိမ်လယ်သမားများ ၀န်ကြီးရုံးသို့ ချီတက် click
- လယ်သမား ၂၀၀ နီးပါး ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ရုံးဆီ ချီတက်ဆန္ဒပြ click
- မြေသိမ်းခံရ၍ အကူအညီတောင်းခြင်း (ဓာတ်ပုံ) click
- ဦးအေးသာအောင်နောက် စရဖ လိုက်နေ click
- ဖိတ်လည်း ဖိတ်ခေါ်၊ ထောင်ဒဏ်တွေလည်း ထပ်တိုး click
- “ဧရာဝတီတော်လှန်ရေး ... ဧရာဝတီကယ်ဆယ်ရေး … တရုတ်ပြည်ပကျူးကျော်မှုကို မြန်မာတမျိုးသားလုံး ဆန့်ကျင်ကန့်ကွက်ကြ” click
- “မြစ်ပျောက်ရင် တိုင်းပြည်ပျောက်မယ်” (အင်တာဗျူး) click
- ဧရာဝတီမြစ်ရဲ့ ပဲ့တင်သံ (အထူးကဏ္ဍ) click
- ရေအားလျှပ်စစ် ညွှန်မှူးရွာ မီးမလင်းပါ click
- အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဘယ်လိုလူစားလဲ (ဆောင်းပါး) click
- ကြွက်၊ မြွေနှင့် ဧရာဝတီကိစ္စ (ဆောင်းပါး) click
- အပြောင်းအလဲဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- နိုင်ငံပြောင်းလဲမည့် အခြေအနေရောက်ပြီဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- နိုင်ငံပြောင်းလဲမည့် အခြေအနေရောက်နေပြီဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ကောက်နုတ်ချက်) click
- အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (ရုပ်သံ) click
- အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား အဖွဲ့ချုပ်ရုံးတွင် ကျင်းပ (ဓာတ်ပုံ) click
- ဘောလုံးနိုင်ငံရေး (ဆောင်းပါး) click
- ကနေဒါနိုင်ငံ တိုရန်တို ရုပ်ရှင်ပွဲတော်တွင် The Lady ရုပ်ရှင် စတင်ပြသ (ရုပ်သံ) click
- ဒီမိုကရေစီဘက်တော်သားပါဟု ဦးရွှေမန်း ပြော click
- ပိတ်ဆို့မှု ရုပ်သိမ်းရန် ဦးရွှေမန်း တောင်းဆို click
- မြန်မာကို ပြီးခဲ့သည့် အနှစ် ၂၀ ကတည်းက ကူညီသင့် click
- ထိုင်းစစ်ဗိုလ်ချုပ် နေပြည်တော်သွား click
- မူးယစ်တရားခံများမှာ မြန်မာအစိုးရ၏ ပူးပေါင်းကြံစည်မှုဟု KNU ရှင်းလင်းချက်ထုတ်ပြန် click
- အစိုးရ၀န်ထမ်းကိစ္စ UWSA အစည်းအဝေး ကျင်းပ click
- အမေရိကန်အထူးသံတမန်နှင့် တိုင်းရင်းသားကိုယ်စားလှယ်အချို့ တွေ့ဆုံ click
- ဒဲရက်မစ်ချယ်လ်၏ လူ့အခွင့်အရေးစုံစမ်းရေးအဆိုပြုချက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြိုဆို click
- သျှမ်းသံတော်ဆင့် အယ်ဒီတာ ကွယ်လွန် click
- သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည် ကွယ်လွန် click
- သျှမ်းသံတော်ဆင့်သတင်းစဉ် လက်ထောက်အယ်ဒီတာ ကွယ်လွန် click
- ကျောက်ဖြူမြို့နယ်တွင် အပေါ်ယံမြေကြောမှ ရေနံထွက်၍ လူအများအပြား သွားရောက် တူးယူနေ click
- အိန္ဒိယမှ တည်ဆောက်နေသော ဆိပ်ကမ်းကြောင့် စစ်တွေ ပွိုင့်ကမ်းခြေ သဘာဝအလှ ပျက်စီးနိုင် click
- မွန်ပြည်နယ်အတွင်း ရာဘာကုမ္ပဏီများ အပင်သစ်တိုးချဲ့စိုက်ပျိုးလာ click
- အိန္ဒိယသို့ မျောပါသွားသော ရေလုပ်သားများကို ပြန်ခေါ်ယူရန် စီစဉ်နေ click
- ရေလုပ်သားများ အသက်အာမခံ ထားခွင့်ရတော့မည် click
- မြန်မာပြည်ရဲ့ တတိယ ဘာသာစကားလား ... click
- အခန်းဆက် သစ္စာ (အောက်မေ့ဖွယ်) click
- ရွာခရိုးက ရွှေချိုးကူသံ (ဆောင်းပါး) click
- “လေးစားပါတယ်” ကြောင့် ချောက်ကျ (ရယ်စရာ မောစရာ) click
- ဗမာပြည်မှာ ကပြနေဆဲ (ကဗျာ) click
- ၀ီရနဲ့ ရာ့ထရီးကို လွှတ်ပေးတော့မလား click
- မြောက်ကိုးရီးယား အာဏာရှင်လက်အောက်မှ ကလေးတွေရဲ့ အဟာရမပြည့်ဝမှု click
သီးလေးသီးဆေးရောင်စုံ အလွမ်းပြေ “ဘောလုံးပွဲ” (ရုပ်သံ)
Posted byဒေါက်တာလွဏ်းဆွေat6:23 PM1 comments ![]()
Labels:ဗွီဒီယိုမှတ်တမ်း
Wednesday, September 14, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၄-၉-၂၀၁၁)
- ဧရာဝတီမြစ်ကြီး ပျက်စီးသွားမည်ကို ချင်းပါတီ စိုးရိမ် click
- ဧရာဝတီကို မလွမ်းချင်ပါ ဆောင်းပါးများနှင့် ရသစာစုများစာအုပ် ထုတ်ဝေ click
- မြစ်ဆုံရေကာတာမှ ရရှိမယ့် အကျိုးဆက်များ (သတင်းသုံးသပ်ချက်) click
- ၂၀၀၃ ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးဖို့ အထက်လွှတ်တော် ဆုံးဖြတ် click
- လူ့အခွင့်အရေးချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရန် ဒဲရက်မစ်ချဲလ်က မြန်မာအစိုးရကို တိုက်တွန်း click
- ပြုပြင်ပြောင်းလဲမှု လက်တွေ့ပြဖို့ အမေရိကန်သံ တောင်းဆို click
- အမေရိကန်ကိုယ်စားလှယ် လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ click
- အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန် သံသယရှိ click
- ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်မနေ လိုအပ်ကြောင်း အမေရိကန်ကိုယ်စားလှယ် ပြော ကြား click
- အမေရိကန် အထူးကိုယ်စားလှယ်၏ တိုက်တွန်းချက်ကို တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို click
- အမေရိကန် အထူးကိုယ်စားလှယ်ခရီးကို သုံးသပ် click
- ကရင်ပြည်သူများကို EU မှ ကူညီပေးရန် ဖလုံ-စဝေါ်ပါတီ ပန်ကြား click
- သတင်းထောက် ကိုစည်သူဇေယျကို နောက်ထပ် ၁၀ နှစ်တိုး click
- သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူကို ထောင်ဒဏ် ၁၀ နှစ်တိုး click
- ဒီဗီဘီသတင်းထောက်ကို ထောင် ၁ဝ နှစ်တိုး click
- သခင်အုန်းမြင့် ကွယ်လွန်းခြင်း (၁) နှစ်ပြည့် ကျင်းပမည် click
- အာဇာနည်တို့၏ မျိုးဆက်သစ်များ ရေးသည့်စာ click
- နိုင်ငံရေးက လုံးတယ် (ဆောင်းပါး) click
- ရွှေဝါရောင်တော်လှန်ရေးနှင့် အကျဉ်းကျ သာသနာ့အာဇာနည်များ (ဆောင်းပါး) click
- တွေ့ဆုံမှုတခုတည်းနဲ့ အဖြေမရနိုင် (အယ်ဒီတာ့အာဘော်) click
- သမ္မတအကြံပေးနဲ့ ဗွီအိုအေမြန်မာ သီးခြားတွေ့ဆုံမေးမြန်းချက် click
- မိုးကြီးကာ ရေစီးသန်မှုကြောင့် မယ်လဒုက္ခသည်နှစ်ဦး ရေနစ်သေဆုံး click
- မွန်ပြည်နယ်စာတိုက်အချို့ အမြန်ချောစာပို့လုပ်ငန်း ခေတ္တရပ်ဆိုင်းထား click
- အာဆီယံဘောလုံးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည့်ရှု click
- အာဆီယံ လူငယ်ဘောလုံးပွဲ ဒေါ်အောင်ဆန်းစုကြည် အားပေး click
- ရိုးရာဓလေ့ ထိန်းသိမ်းစေမည့် ဒီးကူပွဲတော် click
- မွေးစကလေးနဲ့ ဝမ်းတွင်းမိခင်သေဆုံးမှု click
- ဟာသ မရိုက်ရင် မြန်မာ့ရုပ်ရှင် မအောင်မြင် (အနုပညာမိုးကောင်းကင်) click
- လွတ်မြောက်တဲ့ အနုပညာ (ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ) click
- ကျနော်သိတယ် တနေ့တာ နှစ်သုံးဆယ်ထောင်ချောက် (ကဗျာ) click
- ဒီမိုကရေစီရေး လူငယ်လှုပ်ရှားမှုတွေကို ပိုမိုထောက်ခံအားပေးဖို့ ဘန်ကီမွန်း တိုက်တွန်း click
- ဆီးရီးယား ချက်ချင်းပြုပြင်ဖို့ အာရပ်အဖွဲ့ချုပ် တောင်းဆို click
- ဥရောပကြွေးမြီအကျပ်အတည်း ဖြေရှင်းရေး အရေးကြီး click
- ရေးဝံ့သူများအတွက် လူ့အခွင့်အရေးဆု click
- ပါကစ္စတန် လူမျိုးစုငယ်များအတွက် ဒီမိုကရေစီအပြောင်းအလဲ click
- စက်တင်ဘာ ၁၄ ရက် တမိနစ် ဗွီဒီယိုသတင်း click
- လျှပ်စစ်ဝန်ကြီးကို တရားစွဲရန် တိုက်တွန်း click
- ဧရာဝတီ ကာကွယ်ဖို့ ကျောင်းသားတွေ စာကပ် click
- မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်း စာများ ဗကသ ဖြန့်ဝေဟုဆို click
- ရေကာတာစီမံကိန်းများကြောင့် မြန်မာလူထု အကျိုးခံစားခွင့် နည်းပါး click
- လက်နှိပ်ဓာတ်မီးဝန်ကြီးနဲ့ မြစ်ဆုံက ဖြစ်ပုံ (ထွေရာလေးပါး) click
- ဘယ်သူ့ဟာများ အောက်မေ့နေတုန်း (ကာတွန်း) click
- ဧရာဝတီ (ကဗျာ) click
- တောထုတ်တေး (ကဗျာ) click
- သက်ရှိမြစ် ဧရာဝတီ သီချင်းအက်ဆေး ၂၀၁၁ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် အိုင်ဒီယာဟောင်းတွေပဲ စွဲနေဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တိုင် click
- နိုင်ငံရေးသမားများကို လွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့ သမ္မတကို စာပို့ click
- စည်သူဇေယျကို ထောင်ဒဏ် ၁၀ နှစ် ထပ်တိုး click
- ကိုစည်သူဇေယျကို ထောင်ဒဏ် ၁၀ နှစ် သက်တမ်းတိုး click
- ကင်ဆာဝေဒနာရှင် နိုင်ငံရေးအကျဉ်းသားကို လွတ်ငြိမ်းခွင့်ပေးရန် တောင်းဆို click
- စစ်မှန်သည့်အပြောင်းအလဲ လက်တွေ့လုပ်ရန်လိုဟု မြန်မာအစိုးရကို အမေရိကန်သံတမန်ပြော click
- တိုင်းရင်းသားဒေသ အခွင့်အရေးချိုးဖောက်မှုများ ဖော်ထုတ်ရန် အမေရိကန်က မြန်မာကို တိုက်တွန်း click
- မြန်မာဒုက္ခသည်များ အိမ်ပြန်ရေး အီးယူအကြီးအကဲနှင့် မြန်မာဝန်ကြီး ဆွေးနွေး click
- ရွေးကောက်ပွဲကော်မရှင်ကို ရှုတ်ချရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးများလည်း ပါဝင် click
- ‘‘တက်စရာ ရုံးမရှိဘူး’’ ချင်းလွှတ်တော်အမတ်နှင့် အင်တာဗျူး click
- အာဆီယံအမတ်များ ညီလာခံ မြန်မာအမတ် ၁၄ ဦး တက်မည် click
- NGO မှ ၀င်လာသည့် ငွေများ USDP ရန်ပုံငွေအဖြစ် ဖြတ်တောက် click
- နေပြည်တော်က ဒီမိုကရေစီနေ့ ကျင်းပမည် click
- နေပြည်တော်မှာ ပြောင်းလဲနေပြီဆိုတဲ့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးနဲ့ မေးမြန်းခန်း (ရုပ်သံ) click
- ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် ဦးဂမ္ဘီရနှင့် ကြုံဆုံခဲ့သမျှ ထိုင်းနိုင်ငံ နယ်စပ်ဒုက္ခသည်စခန်း တွင် ရောက်ရှိနေသူ ဒကာကြီး ဦးလင်း ပြန်ပြောချက် (ရုပ်သံ) click
- ဦးခွန်ထွန်ဦးရဲ့ ၆၈ နှစ်ပြည့် မွေးနေ့အခမ်းအနား (ရုပ်သံ) click
- အပြင်မှာ ပြောခဲ့တာတွေ အလုပ်မဖြစ်ဘူးဆိုတဲ့ ဂေါ်ဇီလာ (အင်တာဗျူး) click
- “အဖွဲ့အစည်း တော်တော်များများက လုပ်စားနေကြတာ” (ဂေါ်ဇီလာနှင့် အင်တာဗျူး) click
- တွယ်ရာမဲ့ ဘဝများ (ဆောင်းပါး) click
- မင်းတို့မယားတွေ မုဆိုးမဖြစ်ကုန်မယ် (အပိုင်း-၄) (ဆောင်းပါး) click
- ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် ရေကြီး၍ ကားထောင်ချီ ရေမြုပ် click
- တောင်ငူတွင် နေရာအများအပြား ရေကြီး click
- ဆည်ရေလွှတ်သဖြင့် တောင်ငူတွင် ရေကြီး click
- မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကယားပြည်နယ်၌ ရွာသုံးရွာ ရေနစ်မြုပ် click
- သျှမ်းပြည်တောင်ပိုင်း စပါးအများဆုံးစိုက်သည့် ပုံးအင်းဒေသ ကျေးရွာ ၁၀ ကျော် ရေလွှမ်း click
- ကမ်းရိုးတန်းဒေသများ လှိုင်းကြီးနိုင် click
- ကုန်စည်ဈေးနှုန်းကျ ပေးဆောင်ရသည့် ဂိတ်ကြေး များ၊ သျှမ်းတောင်/အရှေ့ ကုန်သည်များ အရှုံးပေါ် click
- နိုင်ငံသား အမည်ခံ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တရားဝင် အသွင်ပြောင်းရမည် click
- သန်းမြင့်ဦး ပြောတဲ့ အာရှပိုးလမ်းမသစ်ကြီး တရုတ်အတွက်လား click
- အောဘစ်လေယာဉ်ကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲသွားကြည့် click
- U-19 လာအိုနှင့် မြန်မာပွဲ ဒေါ်အောင်ဆန်းစုကြည် အားပေး click
- မြန်မာ့ဘောလုံးအဆင့်အတန်း နိမ့်ကျလာမှု ဘယ်သူ့တာဝန်လဲ (ဆောင်းပါး) click
- မြန်မာ့ပထမဆုံးသော ရှိန်းမကား ဘေးမဲ့တော ထိန်းသိမ်းရန် လိုအပ်နေ click
- အိမ်ကလေး ၆ (၀တ္ထုတို) click
- အဓိကကျတဲ့ အပြောင်းအရွှေ့တွေကို ကက်ဘိနက် အတည်ပြု click
- အမျိုးသမီးများ ပါရဂူဘွဲ့ယူဖို့ထက် အိမ်ထောင်ပြုဖို့ ကြိုးစားသင့်ကြောင်း လီကွမ်ယု တိုက်တွန်း click
မိုးအေး (DVB) တင်ဆက်သည့် “အာဏာရှင် ဂဒါဖီဘက်ကနေ ရပ်တည်ခဲ့တဲ့ တရုတ်အစိုးရ လစ်ဗျားမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးပြီ” (ရုပ်သံ)
ကိုယ်ကျိုးစီးပွားအခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒကို စွဲကိုင်ထားတဲ့ တရုတ်ကွန်မြူနစ်အစိုးရအနေနဲ့ လစ်ဗျားနိုင်ငံ မှာ အတိုက်အခံတွေဘက်က မရပ်တည်ဘဲ ဂဒါဖီဘက်ကနေ ရပ်တည်ခဲ့ပါတယ်။ ဂဒါဖီ ပြုတ်ကျသွားချိန်မှာ တော့ လစ်ဗျားအတိုက်အခံတွေက တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက်လုပ်ခွင့်မပေးတော့ဘဲ တော် လှန်ရေးမှာ ကူညီပေးခဲ့တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို အစားထိုးလုပ်ခွင့်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်တခုပါ။ လူ့အခွင့်အရေးထက် ပြည်တွင်းလောင်စာ လိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ရေးက အဓိကလို့ ကွန်မြူနစ်အစိုးရက ခံယူပါတယ်။ လစ်ဗျားအရေးဟာ ပြည်တွင်းရေးပဲ ဖြစ်တယ် တရုတ်အရေးမဟုတ်ဘူးလို့ ကွန်မြူနစ်အစိုးရက ခံယူပါတယ်။ ဂဒါဖီကို နိုင်ငံတကာ ဝေဖန်ချိန်မှာ ဂဒါဖီရဲ့ရွက်ဖျဉ်တဲကြီးမှာ ၂ နိုင်ငံ စီးပွားရေးစာချုပ်တွေ ချုပ်ဆိုခဲ့တဲ့ တရုတ်ကွန်မြူနစ်အစိုးရကို လက်တုံ့ပြန် တဲ့အနေနဲ့ လစ်ဗျားအတိုက်အခံတွေကလည်း ခပ်ပြတ်ပြတ်ပဲပြောလာပါတယ်။ ဂဒါဖီဖြုတ်ချရေးမှာ ကူညီခဲ့တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကိုပဲ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကိုင်ခွင့်ပေးမယ်လို့ ပြောဆိုလာတာပါ။ လစ်ဗျားလူထု တော်လှန်ရေးဟာ အာဏရှင်ဂဒါဖီမိသားစုကို ဖြုတ်ချနိုင်ရုံမက တရုတ်ရဲ့ကိုယ်ကျိုးစီးပွားအခြေခံတဲ့ နိုင်ငံခြား ရေးမူဝါဒတွေကိုပါ ပြောင်းလဲစေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေအပေါ် အခြေခံရင်း ဒီတပတ် စက်တင်ဘာ ၁၀ ရက် အစီအစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ (မိုးအေး)
Posted byဒေါက်တာလွဏ်းဆွေat1:21 PM2comments ![]()
Labels:ဗွီဒီယိုမှတ်တမ်း
















































